အဖကျေးဇူး

Key-E

၁။ နံနက်အာရုဏ်လင်းချိန်ထက် ကောင်းကင်ထက်မှ
ဝမ်းမြောက်ပျော်ရွှင်နေ့စဉ် ခံစားရ
တောင်ပေါ် လျှိုမြောင်ဖြစ်ပါစေ တောင်အောက် မြေပြန့်ဖြစ်ပါစေ
ကိုယ်တော်ဘုရားရဲ့မေတ္တာပြောင်းလဲခြင်းမရှိပေ။

၂။ ညအချိန် သန်းခေါင်ယံဖြစ်ပါစေ အဖဘုရားရဲ့အရိပ်အောက်မှာ
ငြိမ်သက်ပျော်ရွှင်ချမ်းသာ ခံစားရ
အဆင်ပြေနေသည်ဖြစ်ပါစေ၊ ခက်ခဲနေသည်ဖြစ်ပါစေ
ကိုယ်တော်ဘုရားရဲ့ မေတ္တာလုံလောက်လျက်နေ။

ထပ်ဆို။

အို….အဖ ကိုယ်တော်အား အစဉ်ချီးမွမ်းမည်
နာရီစက္ကန့်တိုင်းမှာ ချီးမွမ်း၍မကုန်ပါ
ယနေ့ရက်တိုင်အောင် ကြီးမားမေတ္တာကရုဏာ
အဖဘုရားရဲ့ ကျေးဇူးတော်ကြီးမားလှ။