သူတို့အတွက်ဆုတောင်း

Key-G

၁။ စံအိမ်တော်ကို စွန့်ပြီးဆင်းလာသူ
ယေရှုဘုရား၏ မေတ္တာအလွန်ကြီးမား
မိမိလူတွေအတွက် အသက်စွန့်ပေမဲ့လည်း
သူ့မေတ္တာမသိတဲ့သူကများ . . . . . .

ထပ်ဆို။

အို အဖ သူတို့အတွက် ကျွန်ုပ်ဆုတောင်းသံသည်
ကိုယ်တော်၏ ရွှေနားထိရောက်ပါစေ
ထိုသူတို့အတွက် ငိုကြွေးသော ကျွန်ုပ်၏မျက်ရည်သည်
စံနေတဲ့ရွှေအိမ်နန်းအထိရောက်စေ . . . .

၂။ ငိုနေတဲ့အပြစ်သားရဲ့ဝိညာဉ်တွေ
မျှော်လင့်ခြင်းကင်းမဲ့နေကြဆဲလား
သွေးစွန်းတဲ့ချစ်ခြင်း လက်ကမ်းပေးမယ်လည်း
သူ့ကရုဏာမသိတဲ့သူကများ . . . . .

၃။ ငိုနေတယ် သေခြင်းရဲ့ကျေးကျွန်တွေ
ရယ်သံတွေ အများနဲ့အတူ ပေါ်ထွက်နေ
သတိပေးသံ ကွယ်ပျောက်ခြင်း တစ်နေ့ကြုံလာမယ်
သူ့မေတ္တာမသိတဲ့သူကအများ . . . . .