ယောဘ သစ္စာ

Key- G

Verse 1 ယောဘသစ္စာတရားသိခွင့်ရချိန်မှာ
ဒုက္ခတရားအတွက်ညည်းတွားဖို့မလိုပါ
မုန်တိုင်းထန်သောဘဝမှာလေညှင်းကိုတမ်းတရင်း
ပြုသင့်တာပြုကြည့်ပါ အဆင်ပြေသွားမယ်

Verse 2 အဆိုးရွားဆုံးအချိန်မှာစိတ်ပျက်အားငယ်စွာ
သောကမီးအတွက်အရှုံးပေးဖို့မလိုပါ
စုံစမ်းစစ်ဆေးမှုတွေကြုံတွေ့လာသောအခိုက်မှာ
ကျေးဇူးတော်ချီးမွမ်းပါအဆင်ပြေသွားမယ်

Chorus: ဘယ်အချိန်မှာချီးမွမ်းမလဲ ကျေးဇူးတော်အလုံးစုံ
ဘယ်အချိန်မှာချီးမွမ်းမယ်ဆင်ခြင်စဉ်းစားကြည့်ရင်
အချိန်တိုင်း နာရီတိုင်း စက္ကန့်တိုင်းမှာ
ကျေးဇူးတော် ဂုဏ်တော်ကို ချီးမွမ်းမကုန်နိုင်