ကောင်းကြီးရေတွက်ကျူး

Count Your Blessings

Key-C

၁။ မြေကြီးပေါ်မှာ ဒုက္ခဆင်းရဲရောက်သောခါ၊
မျှော်လင့်ခြင်းကင်း စိတ်ပျက်ခြင်းကိုခံရလျှင်၊
ခံစားရာ ကောင်းကြီးမင်္ဂလာရေတွက်ပါ၊
ပြုတော်မူသော ကျေးဇူးတော်အံ့ဩလိမ့်မည်။

ထပ်ဆို။ ကောင်းကြီးတစ်ခု နောက်တစ်ခုရေတွက်
ပြုတော်မူသော ကျေးဇူးတော်ရေတွက်၊
ကောင်းကြီးရေတွက်၊ တစ်ခုနောက်တစ်ခု၊
ပြုတော်မူသောကျေးဇူးတော် အံ့ဩလိမ့်မည်။

၂။ ကြောင့်ကြဝန်ထုပ်ကို သင်သည်ထမ်းရသလား၊
သင်ထမ်းရသော၊ လက်ဝါးကပ်တိုင်လေးသလား၊
ခံစားရာ ကောင်းကြီးမင်္ဂလာရေတွက်ပါ၊
ယုံမှားခြင်းကင်း၊ သီချင်းကိုသင်ဆိုလိမ့်မည်။

၃။ ကောင်းစားသောသူများကို သင်သည်မြင်သောခါ၊
ကိုယ်တော်ထားသော ကတိတော်ကို အောက်မေ့ပါ၊
ခံစားရာ ကောင်းကြီးမင်္ဂလာရေတွက်ပါ၊
စည်းစိမ်ဖြင့်ကောင်းကင်ချမ်းသာမဝယ်နိုင်ပါ။

၄။ ဆင်းရဲဒုက္ခမျိုးမျိုးကို ခံရသောခါ၊
စိတ်မပျက်ရာ ကိုယ်တော်ကိုသာအားကိုးပါ၊
ခံစားရာ ကောင်းကြီးမင်္ဂလာရေတွက်ပါ၊
လမ်းဆုံးတိုင်အောင် သင့်ကိုစောင်မပို့ဆောင်မည်။